close

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားက စနေနေ့မှာ ပဲ့ထိန်းဒုံးကျည် တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ 

တောင်ကိုရီးယားမှာ သမ္မတသစ် ယွန်းဆွခ်ယို ရာထူးလက်ခံဖို့ သုံးရက်အလိုမှာ မြောက်ကိုးရီးယားဘက်က အခုလို အကြီးစားလက်နက် ပစ်ခတ်လိုက်တာပါ။

SLBM လို့ အတိုကောက်ခေါ်တဲ့ ရေငုပ်သင်္ဘောကနေ ပစ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်ကို မြောက်ကိုရီးယားက ရေတပ်စခန်းရှိတဲ့ ဆင်ပိုမြို့ကနေ ပစ်လွှတ်လိုက်ပုံရတယ်လို့ တောင်ကိုရီးယားဘက်က ခန့်မှန်းပါတယ်။ 

ဂျပန် အစိုးရရုပ်သံလိုင်း NHK အဆိုအရ ဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ရဲ့ အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

မေ ၄ ရက်တုန်းကလည်း မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းဘက်က ပဲ့ထိန်းဒုံးကျည် တစင်း ပစ်လွှတ်ခဲ့သေးတယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက ပြောပါတယ်။

ဒီအတောအတွင်း မြောက်ကိုးရီးယားဟာ နယူးကလီးအင်အားကို အမြန်ဆုံး ဖွံ့ဖြိုးအောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားသလို အမေရိကန် အစိုးရကလည်း မြောက်ကိုရီးယားဟာ ပုန်းဂီရီ Punggye-ri မြေအောက် နယူကလီးယား ဥမင်းလိုဏ်းကို တည်ဆောက်ပြီး နယူးကလီးယား စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ 

တောင်ကိုရီယား သမ္မတသစ်ဟာ မေ ၁၀ ရက်နေ့ ရာထူးလက်ခံဖို့ရှိပြီး မေ ၂၁ ရက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လည်း တောင်ကိုရီးယား နိုင်ငံခရီးစဉ် စီစဉ်ထားတာရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up