close

အရပ်သားယောင်ဆောင် စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ KNDF ဖမ်းဆီး

အရပ်သားပုံစံနဲ့ သွားလာနေတဲ့ သူစိမ်းအမျိုးသား ၃ ယောက်ကို  KNDF B-03 တာဝန်ကျရဲဘော်တွေက မသင်္ကာလို့ စစ်ဆေးရာကနေ  စစ်ကောင်စီတပ်သားတွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီး  ဖမ်းဆီးထားတယ်လို့ KNDF B-03 က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ မေလ ၈ ရက်နေ့မှာ KNDF B-03 ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖယ်ခုံမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာကနေ အမည်မသိ အမျိုးသား  ၃ ယောက် ဖြတ်သန်းသွားတာကို စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူသုံးဦးဟာ စစ်ကောင်စီတပ်၊ တပ်မ ( ၆၆ ) က တပ်သားတွေဖြစ်ပြီး သူတို့ကို ကရင်နီပြည်ရဲတပ်ဖွဲ့(KSP) ထံ အပ်နှံထားတယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင်  KNDF/B-03 အနေနဲ့  စစ်တပ်ထုတ်ကုန်တွေ သယ်ဆောင်ရောင်းချတာ၊ သုံးစွဲတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ ဧပြီလကစပြီး အသိပေးထုတ်ပြန်ထားပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။

“စစ်တပ်ထုတ်ကုန်တွေ အသုံးမပြုဖို့ ဘာလို့ နိုးဆော်ရတာလဲ။  အဲ့ဒီကနေရလာတဲ့ငွေတွေနဲ့ ပြည်သူ့ရဲဘော်တွေကို သတ်တဲ့ကျည်ဆန်၊ ပြည်သူ့အိုးအိမ်တွေကိုဖျက်ဆီးဖို့ လက်နက်တွေကို စစ်တပ်က ပြန်ဝယ်နေတာပဲဖြစ်ပါတယ်။ စစ်တပ်ပိုင် ထုတ်ကုန်ဝယ်တော့မယ်ဆိုရင် မီးရှို့ခံရတဲ့ပြည်သူတွေ၊ စစ်တပ်က မတရားမုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့တဲ့ အမျိုးသမီးငယ်တွေ၊ လက်နက်ကြီးထိခဲ့ရတဲ့ လူမမယ်ကလေးငယ်တွေ ကို ကျေးဇူးပြု၍ သတိရပေးပါ။” လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို အသိပေးထုတ်ပြန်တားမြစ်တာဟာ  ပြည်သူတဦးတယောက်ရဲ့ စီးပွားရေးကို ထိခိုက်ဖျက်ဆီးတာ မဟုတ်ကြောင်းနဲ့ သွေးစွန်းငွေတွေကို အသုံးမပြုဘဲ နေသွားဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up