close

အင်းတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်မှာ မေ ၁၀ မနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီ ယာဉ်တန်းကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး မြစ်ကြီးနား ကားလမ်း အင်းတော်နဲ့ ကျောင်းကုန်းအကြားမှာ စစ်ကောင်စီ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနက် ၅ နာရီလောက်က စစ်ယာဉ်တန်း ဖြတ်သွားတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က စစ်ကားတွေကို မိုင်းဆွဲခဲ့တာ။ မိုင်းပေါက်ကွဲသံတွေ သေနတ်သံတွေကြားရတယ်။ အင်းတော်နဲ့ ကျောင်းကုန်းအကြားမှာ မိုင်းပေါက်ကွဲတာ။ လူအသေအပျောက် ရှိမရှိတော့ ကျနော်မသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်ဘက်ကနေ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ တက်လာတဲ့  စစ်ကောင်စီ ကားရှစ်စီးကို အင်းတော်နဲ့ကျောင်းကုန်းကြားမှာ လေးနေရာ  မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားအတွင်းကို ဗုံးတလုံးပစ်သွင်းခဲ့တယ်လို့ Indaw Revolution -IR က ထုတ်ပြန်ထားပါတယ်။

ကားတစ်စီး မိုင်းထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများနိုင်ကြောင်း အင်းတော် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်  Indaw Revolution - IR က ဆိုပါတယ်။

စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Photo IR

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up