ကမ္ဘာ့ဈေးကွက်ဝေစုအကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဘစ်ကွိုင် တန်ဖိုးကျဆင်း

1.2K
ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ ဘစ်ကွိုင်ငွေဈေးဟာ မေ ၁၁ ရက်မှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။
ကမ္ဘာ့ ဈေးကွက်ဝေစုအကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဘစ်ကွိုင်ဟာ ၇ ကြိမ်ဆက်တိုက် တန်ဖိုးကျဆင်းခဲ့ပြီး ခုတော့ အမေရိကန်ဒေါ်လာ ၂၉,၆၂၃ ထိ နိမ့်ဆင်းခဲ့တာပါ။
မနှစ်က နိုဝင်ဘာမှာ စံချိန်တင်အနေနဲ့ အမေရိကန်ဒေါ်လာ ၆၉,၀၀၀ အထိ မြင့်တက်ခဲ့ရာက ခုတော့ တန်ဖိုး ထက်ဝက်ကျော် ကျဆင်းခဲ့ပြီး မေလထဲမှာတင် တန်ဖိုး ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဈေးကွက်တန်ဖိုးအရ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေး အီသာကတော့ ဇန်နဝါရီ နှောင်းပိုင်းကစပြီး အနိမ့်ဆုံးအနေနဲ့ အမေရိကန်ဒေါ်လာ ၂,၂၄၅ ထိ ကျဆင်းခဲ့ပါတယ်။