ဖယ်ခုံမြို့နယ်ရှိ ထီရိစစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်း တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ မေလ ၁၂ ရက် ဒီနေ့မနက်ပိုင်းက လွယ်ပေါရွာနဲ့ ၁၀ မိုင် ၀န်းကျင်ဝေးတဲ့ ထီရိစစ်ကောင်စီစစ်ဆေးရေးစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်သိမ်းပိုက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါဝင် ၂၀ ကျော်သေဆုံးပြီး ၅ ယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။
ဒေသခံတစ်ဦးက “ဒီနေ့ မနက်က ထီရိဂိတ်ကို PDFတွေ ဝင်သိမ်းလို့ စစ်သားတွေ တစ်စခန်းလုံးသေတယ်။ အရှင် ၅ ယောက်နဲ့ လက်နက်တွေအများကြီးသိမ်းမိတယ်လို့ သိရတယ်။ အဲ့ဒါကြောင့်ထင်တယ် ပြည်သူတွေနေတဲ့ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းထုနေတာ” လို့ပြောပါတယ်။
စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က လွယ်ပေါကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို အရေးပေါ်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။