close

အမေရိကန်သမ္မတ၏ တောင်ကိုရီးယားနှင့်ဂျပန်ခရီးစဉ် မေ ၁၉ ရက်က စတင်

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ တောင်ကိုရိးယားနဲ့ ဂျပန်ကို သွားရောက်မယ့် အာရှ ခရီးစဉ်ကို မေ ၁၉ ရက်မှာ စတင်လိုက်ပါတယ်။ 

ဒါဟာ သမ္မတရာထူး လက်ခံတဲ့နောက်ပိုင်း ဂျိုးဘိုင်ဒင်ရဲ့ ပထမဆုံး အာရှဒေသ ခရီးစဉ်ဖြစ်သလို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရုတ်ကို သြဇာဖြန့်ကျက်မှုကို တန်ပြန်မယ့် ခြေလှမ်း အဖြစ် သုံးသပ်ကြပါတယ်။ 

၅ ရက်တာ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ ယွန်ဆွခ်ယိုးကို ဆိုးလ်မြို့မှာ တွေ့ပြီး ဂျပန် ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါကို တိုကျိုမှာ တွေ့ဆုံဖို့ ရှိပါတယ်။ 

အထူးသဖြင့် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ တရုတ်ရဲ့ အင်အားချဲ့ထွင်နေတာတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

ဒီနေ့ တောင်ကိုရီးယားကို ရောက်မှာဖြစ်ပြီး ဆမ်ဆောင်းကုမ္ပဏီကို အရင်ဆုံး လေ့လာဖို့ ရှိတယ်လို့ တောင်ကိုရီးယား သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

တောင်ကိုရီးယားခရီးစဉ်အတွင်းမှာ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြားမှာ ရှိတဲ့ စစ်မက်ကင်းမဲ့ဇုန်ကိုတော့ သမ္မတ ဘိုင်ဒင် သွားဖို့မရှိဘူးလို့ အိမ်ဖြူတော်က သတင်း ထုတ်ပြန်ထားပါတယ်။ 

//
Up