close

ဒီးမော့ဆိုနှင့် ဖရူဆိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာနဲ့ ကျွန်းပင်ကုန်းအကြားမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ ကား ၃ စီး  ပျက်စီးသွားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-04) နဲ့ ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မေလ ၂၂ ရက် ညနေ ၃ နာရီကစပြီး တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီမောင်းနှင်လာတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ KNDF B-04 က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲ ၂ နာရီခွဲ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် ​ဒီး​မော့ဆိုမြို့မတံတားရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကင်းပုန်းတစ်ခုကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  မေလ ၂၁ ရက်က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးသွားပါတယ်။

ဒီး​မော့ဆိုမြို့နယ်၊ ​မြို့မအားကစားကွင်းအနီးက  မနာပ​လော့ရပ်ကွက်ရှိ ရဲစခန်းသို့ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို ထပ်မံပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

​ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄ ဦးကဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆိုက ထုတ်ပြန်ထားပါတယ်။

//
Up