close

အသံထက်မြန်သည့် ခရုဇ်ဒုံးကျည် ရုရှား စမ်းသပ်ပစ်ခတ်

ရုရှားနိုင်ငံဟာ အသံထက်မြန်တဲ့ ဇာကွန်ခရုဇ်ဒုံးကျည်တစီးကို ၆၂၅ မိုင်အကွာထိ ပစ်ခတ်စမ်းသပ် အောင်မြင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၈ ရက်မှာ ပြောပါတယ်။

ဒုံးကျည်ကို ဘားရန့်စ်ပင်လယ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပင်လယ်ဖြူထဲက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနက ထုတ်လွှင့်တဲ့ ရုပ်သံထဲမှာ ဒုံးကျည်တစင်းကို  သင်္ဘောတစီးပေါ်ကနေ ပစ်လွှတ်လိုက်ပြီး မက်စောက်တဲ့ လမ်းကြောင်းအတိုင်း ပျံတက်သွားတာ တွေ့ရပါတယ်။

ဇာကွန်ဒုံးကျည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က မျိုးဆက်သစ် ပြိုင်ဘက်ကင်း လက်နက် စနစ်သစ်ရဲ့ အစိတ်အပိုင်းလို့ ရည်ညွှန်း ပြောဆိုပါတယ်။

အသံထက်မြန်တဲ့ လက်နက်တွေဟာ အသံရဲ့ အမြန်နှုန်းထက် ၉ ဆ ပိုမြန်မြန်သွားနိုင်တာပါ။

ရုရှားဟာ မနှစ်က ဇာကွန်ဒုံးကျည်ကို စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေပေါ်ကနေ စမ်းသပ် ပစ်ခတ်ဖူးပါတယ်။

ရုရှားဟာ ယူကရိန်းကို အထူးစစ်ဆင်ရေးလို့ ပြောထားတဲ့ သုံးလကြာ စစ်ပွဲအတွင်း လူနဲ့ စစ်ပစ္စည်းကိရိယာတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ပါတယ်။

ဒါပေမဲ့ ဒုံးပျံနည်းပညာမှာ သူ့စွမ်းရည်ကို ကမ္ဘာကို ပြသ သတိပေးဖို့ ထိပ်တန်းလက်နက်တွေကို ဆက်တိုက် စမ်းသပ်နေပါတယ်။

//
Up