close

အနောက်ဘက်ကမ်း‌ရှိ ကျေးရွာတရွာကို အစ္စရေးစစ်တပ် ဝင်စီး

အစ္စရေးတပ်တွေဟာ အနောက်ဘက်ကမ်းဒေသ ဂျေနင်းမြို့က ယာဘက်ရွာကို ဇွန် ၁ ရက်ညက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

မတ် ၃၀ ရက်က အစ္စရေးမြို့တမြို့မှာ လူ ၅ ယောက်ကို ပစ်သတ်ခဲ့တဲ့ ပါလက်စတိုင်း တိုက်ခိုက်သူ ဒီယာဟာမာရှားရဲ့ အိမ်ကိုလည်း ဇွန် ၂ ရက် မနက်အစောပိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ပြီး ဖောက်ခွဲဖြိုချပစ်ခဲ့တာပါ။

အစ္စရေးစစ်သားတွေဟာ ရွာကို ညမှောင်စပျိုးချိန် ဝင်စီးနင်းခဲ့ချိန်မှာ ပါလက်စတိုင်းတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ ရွာသားတွေက စစ်သားတွေကို ကျောက်တုံးတွေနဲ့ပစ်ခဲ့လို့ စစ်သားတွေက ရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အမျိုးသားတယောက် သေဆုံးပြီး တခြားလူ ၂ ယောက် အကြီးအကျယ် ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီထိပ်တိုက်တွေ့မှုမှာ သူတို့အားလုံး ပါဝင်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အစ္စရေးစစ်တပ်ကလည်း မှတ်ချက် ချက်ချင်း မပေးပါဘူး။ ဒါပေမဲ့ အစ္စရေးစစ်သားတွေက သေနတ်သမားရဲ့အိမ်ကို ဖျက်ဆီးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

//
Up