close

ပါတီဂိတ်အရှုပ်တော်ပုံကြောင့် ရာထူးက နုတ်ထွက်ရန် ဗြိတိန်ဝန်ကြီးချုပ် ဖိအားပေးခံရ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ သူနဲ့ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးက တာဝန်ရှိသူတွေဟာ ကပ်ရောဂါကာလအတွင်း သူ့အစိုးရက ချမှတ်ထားတဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့ ကြောင်းဖော်ထုတ်ထားတဲ့ “ပါတီဂိတ်” အရှုပ်တော်ပုံကြောင့် ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဇွန် ၃ ရက်က အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ ပလက်တီနမ်ရတု အထိမ်းအမှတ် အခမ်းအနားကို ရောက်ရှိခဲ့လာတဲ့ ဂျွန်ဆင်ကို ရယ်ရယ်မောမော ကြိုဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ တရားဝင်အစီရင်ခံစာတခုထဲမှာ ကိုဗစ်-၁၉ လော့ဒေါင်းချ ပိတ်ဆို့မှုတွေအတွင်း ဂျွန်ဆင်ရဲ့ ဒေါင်းနင်းလမ်းရုံးခန်းမှာ ပျော်ပွဲရွှင်ပွဲပါတီတွေ ဆက်တိုက် ကျင်းပခဲ့ကြောင်း အသေးစိပ် ဖော်ပြထားပြီး ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှု အသစ် ထွက်ပေါ်လာခဲ့ပါတယ်။

ကွန်ဆာဗေးတစ်လွှတ်တော်အမတ် ၂၅ ဦးလောက်က ဂျွန်ဆင်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

နောက်ထပ် ခြောက်ယောက်ကတော့ သူ့အပြုအမူကို ဝေဖန်ခဲ့ကြပေမဲ့ ရာထူးက နုတ်ထွက်သင့်တယ် လို့ မပြောပါဘူး။ 

ဂျွန်ဆင်ဟာ လွှတ်တော်အတွင်း လိုအပ်တဲ့ ထောက်ခံမဲအရေအတွက် ဆုံးရှုံးသွားမယ်ဆိုရင် ဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှားခံရမှာဖြစ်ပြီး သူ့နေရာကို အစားထိုးဖို့ ခေါင်းဆောင်ပိုင်း ယှဉ်ပြိုင်မှု တခု ပြုလုပ်မှာဖြစ်ပါတယ်။ 

//
Up