ဗြိတိန်ဝန်ကြီးချုပ် နှင့် ယူကရိန်းသမ္မတတို့ ကိယက်ဗ်မြို့၌ တွေ့ဆုံ

ဗြိတိန်ဝန်ကြီးချူပ် ဘောရစ်ဂျွန်ဆင်ဟာ ဧပြီ ၉ ရက်က ကိယက်ဗ်မြို့ကို သွားရောက်ပြီး ယူကိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘောရစ်ဂျွန်ဆင်က “အခုလိုအချိန် ခင်ဗျားနဲ့ တွေ့ခွင့်ရတာ ဝမ်းသာပါတယ်။ ခင်ဗျားဟာ ထူးခြားတဲ့ သမ္မတပါ မစ္စတာဇလန်းစကီး၊ ထူးချွန်ပြောင်မြောက်တဲ့အလုပ် ခင်ဗျားဆောင်ရွက်နိုင်ခဲ့တယ်၊ ကျနော်တို့ကတော့ ယူကရိန်းပြည်သူတွေကို ဆက်ပြီး ပံ့ပိုးပေးသွားမှာပဲ” လို့ ခရီးရောက်မဆိုက် ပြောခဲ့ပါတယ်။
သမ္မတဇလန်းစကီးက “ကျေးဇူးတင်ပါတယ် ဘောရစ်၊ ခင်ဗျားရောက်လာတဲ့အချိန်ဟာ တိုင်းပြည်ဟာ အခက်အခဲဆုံး ကသောင်းကနင်းကာလဖြစ်တာမို့ အလွန်အရေးကြီးပါတယ်။ ယူကရိန်းရဲ့ အခက်အခဲဆုံး အချိန်မှာ ဗြိတိန်ရဲ့ ပြတ်ပြတ်သားသား ကူညီထောက်ပံ့မှုတွေဟာ အမြဲကျေးဇူးတင် အမြဲအမှတ်ရစရာပါ” လို့ ပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးက အချိန်အတန်ကြာ ဆွေးနွေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။
ဗြိတိန်က ယူကရိန်းကို ရေရှည်ပံ့ပိုးမှုနဲ့အတူ ငွေကြေးနဲ့ စစ်လက်နက်အကူညီသစ် ပေးသွားမယ့် အစီအစဉ်သစ်ကို ဘောရစ်ဂျွန်ဆင်က ရှင်းပြပါတယ်။
ရုရှားတပ်တွေ ယူကရိန်းအရှေ့ဘက်မှာ အကြီးအကျယ် ထိုးစစ်ဆင်ဖို့ စုစည်းနေချိန် ဘောရစ်ဂျွန်ဆင်က ကြိုတင်ကြေညာခြင်းမရှိဘဲ ရောက်သွားတာပါ။
သူ့ရဲ့ တွစ်တာစာမျက်နှာမှာတော့ ဂျွန်ဆင်က “ဗြိတိန်က ယူကရိန်းကို ခုခုံကာကွယ်ရေး လက်နက်တွေ ပိုပေးသွားမယ်၊ ပူတင်ပြုတ်ကျအောင် G7 နဲ့ ပူးပေါင်းပြီး ရုရှားစီးပွားရေး ဒေါက်တိုင်တိုင်းကို ပစ်မှတ်ထားဖြိုပစ်မယ်” လို့ ရေးထားပါတယ်။