close

မက်ဆီတစ်ဦးတည်း ၅ ဂိုးသွင်းပြီး အာဂျင်တီးနားအသင်း ၃၃ ပွဲဆက်ရှုံးပွဲမရှိ စံချိန်တင်

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အက်စ်တိုးနီးယားနဲ့ ခြေစမ်းပွဲမှာ တစ်ဦးတည်း ၅ ဂိုးသွင်းယူ ခဲ့ပြီး အသင်းကလည်း ၃၃ ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ရှိနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ကစားခဲ့တဲ့ အီတလီကို အနိုင်ရတဲ့ပွဲစဉ်ကတည်းကတင်ထားတဲ့  ၃၁ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်ပြီး စံချိန် သစ်တင်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ၃၃ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ရရှိထားပြီး နိုင်ငံတကာဘောလုံး လောကမှာ ၃၇ ပွဲနဲ့ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ အီတလီအသင်းကို လိုက်မီဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

မက်ဆီဟာလည်း အက်စ်တိုးနီးယားကို  ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ တစ်ဦးတည်း ၅ ဂိုးသွင်းခဲ့ပြီး နိုင်ငံအသင်းအတွက် တစ်ပွဲတည်းမှာဂိုးအရေအတွက်အများ ဆုံးသွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၁၈ ခုနှစ်မေလက ဟေတီအသင်းနဲ့ ပွဲစဉ်မှာ ဟတ်ထရစ် သုံးဂိုး သွင်းယူနိုင်ခဲ့တာက ဂိုးအရေအတွက်အမျာဆုံးဖြစ်ပြီး အခုပွဲစဉ်မှာ ၅ ဂိုးအထိပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့တာပါ။ ကလပ်အသင်းသမိုင်းမှာတော့ ၂၀၁၂ ခုနှစ်က ဘာစီလိုနာက လီဗာကူဆင်ကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီက တစ်ဦးတည်း ၅ ဂိုး သွင်းယူခဲ့ဖူးပါတယ်။

//
Up