close

ရေပိုင်နက်အငြင်းပွားမှု အစ္စရေးနှင့် လက်ဘနွန်ကြား တင်းမာ

အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံတွေကြား ပင်လယ်ရေ ပိုင်နက်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဟာ မြေထဲပင်လယ်အရှေ့ပိုင်းမှာ စွမ်းအင်ရှာဖွေရေးအတွက် အဟန့်အတားဖြစ်စေပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုဆိုးရွားလာစေမယ့် အန္တရာယ်ကျရောက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန် ကြားဝင်ဖျန်ဖြေတဲ့ ဆွေးနွေးပွဲမှာ လချီ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့အပြီး လက်ဘနွန် အစိုးရက အငြင်းပွား ဧရိယာအတွင်း ဘယ်လို လှုပ်ရှားမှုကိုမဆို မလုပ်ဖို့ သတိပေးလိုက်ပါတယ်။

ဒါဟာ အစ္စရေးအတွက် ရေနံမြေတည်ဆောက်ဖို့ သင်္ဘေေတစီး ရောက်လာတာကို တုံ့ပြန်တဲ့ အနေနဲ့ ခုလို သတိပေးတာပါ။

လက်ဘနွန်မှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား နောက်ဆုံးစစ်ပွဲပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က နောက်ပိုင်း နယ်စပ်ဒေသဟာ အလွန်ငြိမ်သက်နေခဲ့ပါတယ်။  နှစ်ဖက်စလုံးက တခြားပဋိပက္ခကို ရှောင်ရှားချင်နေတယ်လို့  လေ့လာသူတွေက ယုံကြည်ကြပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဆေးယတ် ဟတ်ဆန် နက်စ်ရာလာက “အစ္စရေးဟာ မပြေလည်ခင် သူ ကျေကျေနပ်နပ် လုပ်ဆောင်နိုင်တယ်လို့ ယူဆရင် မှားယွင်းတယ်၊ လက်ဘနွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ အန္တရာယ်ရှိနေတာကို တွေ့ရင် လိုက်လျောညီထွေ ပြုမူသွားမယ်”လို့ ပြောပါတယ်။

နောက်ဆုံး ပဋိပက္ခဖြစ်ပြီး လက်ဘနွန်က အမေရိကန်သံတမန်တယောက်ကို ပြန်စညှိနှိုင်းဖို့ ဖိတ်ကြားကာ  သံတမန်နည်းအရ ဖြေရှင်းရမယ့် အရပ်သားပြဿနာဖြစ်တယ်လို့လည်း နတ်စ်ရာလာက အစ္စရေး ကာကွယ်ရေးဝန်ကြီးကို ပြောခဲ့ပါတယ်။

//
Up