close

ပေါက်မြို့နယ်တွင် ပြည်သူ ၁ ဦးကို PDFထောက်ပံ့မှုဖြင့် စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်နေ ဒေသခံပြည်သူတယောက်ကို  ဇွန် ၉ ရက် မနက်ပိုင်းမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူတွေလို့ စစ်ကောင်စီတပ်က စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေဆီကနေသိရပါတယ်။

ပေါက်မြို့နယ် ကျားပစ်ကန်ရွာက ဦးလှဒင်ကို မနေ့ မနက်၉နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပေါက်မြို့ အောင်တံခွန်ရပ်ကွက်က စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသွားကြတာလို့ ကျားပစ်ကန်ကျေးရွာ ဒေသခံက ပြောပါတယ်။

“သူက ပေါက်မြို့ကို စျေးသွားဝယ်တာဗျ။စစ်(...)တွေ ပျူ(...)တွေရဲ့ ဂိတ်ရှေ့ရောက်တော့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးကာ ပေါက်မြို့မရဲစခန်းကို ခေါ်ဆောင်သွားကြတာ။ ပျူ(...)တွေ၊ဒလန်တွေက သူတို့နဲ့ မတည့်တဲ့ ပြည်သူတွေကို PDF တွေ၊ PDF ထောက်ပံ့သူတွေကို မဟုတ်မမှန် သတင်းပေးလို့ ပြည်သူတွေဆက်တိုက် အဖမ်းခံနေရတယ်ဗျ။ လက်ကိုင်ဖုန်းထဲမှာ တော်လှန်ရေးစာသားတွေ ပို့(စ်)တင်တာ၊ဖြန့်ဝေတာ၊ မှတ်ချက်ရေးတာတိုတွေ့သွားရင်လည်း တန်းအဖမ်းခံရတော့တာ”လို့ ပြောပါတယ်။

ပေါက်မြို့နယ် ယာကြီးပြင်ရွာမှာ ဇွန် ၈ ရက် မနက်ပိုင်းကလည်း ဒေသခံပြည်သူ ၆ ယောက်ကို ပြည်သူကာကွ ယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူတွေလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ဖမ်းစီးသွားပါတယ်။

ပခုက္ကူခရိုင်မှာ အခုနှစ်ဖော်ဝါရီလကနေ ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူပေါင်း အယောက်  ၂၀၀ ကျော်လောက်ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ အယောက် ၈၀ ကျော်​လောက် မတရားဖမ်းဆီးခံထားရပါတယ်။

//
Up