ချီလီရေကူးသမား ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာကြား ဖြတ်ကူးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်

ချီလီနိုင်ငံတောင်ပိုင်း ကာဘို့ဒေအော်နို့စ်ကနေ ပစိဖိတ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြားကို ဖြတ်ကူးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တယ်လို့ ချီလီရေကူးသမား ဘာဘရာဟာနန်ဒက်ဇ်က ဇွန် ၁၅ ရက်မှာ ကြေညာပါတယ်။
ဟာနန်ဒက်ဇ်ဟာ ဖေဖော်ဝါရီလက ၁၅ မိနစ်နဲ့ ၃ စက္ကန့်အတွင်း ရေမိုင်တမိုင်ရေကူးရင်း ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့တာပါ။
World Open Water Swimming Association ကလည်း သမုဒ္ဒရာနှစ်ခုကြား ရေမိုင် ၃,၅၀၀ (မီတာ ၅,၅၀၀) ရေကူးဖူးတဲ့ ပထမဆုံးလူသားအဖြစ် သူ့ကို ဆုချီးမြှင့်ခဲ့ပါတယ်။
'ရေခဲ ရေသူမ' လို့ လူသိများတဲ့ အသက် ၃၆ နှစ်အရွယ် စိတ်ပညာရှင်နဲ့ ရေကူးသမားက သူ့အောင်မြင်မှုဟာ ချီလီနိုင်ငံသားအားလုံးရဲ့ အောင်မြင်မှုအဖြစ် ခံစားစေချင်တယ်လို့ ချီလီနိုင်ငံသားအားလုံးကို ပြောခဲ့ပါတယ်။
"ကျမက အိပ်မက်ကြီးကြီးမက်ဖို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုချင်ပါတယ်။ ကမ္ဘာကြီးရဲ့ အဆုံးကနေ တခြားသူတွေရဲ့ ဘဝတွေကို အကျိုးသက်ရောက်စေမယ့် အရာတွေကို လုပ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ဟာနန်ဒက်ဇ် ရေကူးနေချိန်မှာ ချီလီရေတပ်က အနီးကပ်စောင့်ကြည့်ခဲ့တာပါ။ သူရေကူးနေချိန်မှာ အကူအညီယူဖို့၊ အနားယူဖို့ ဒါမှမဟုတ် အအေးဒဏ်ကာကွယ်ပေးတဲ့ ရေကူးရေငုပ်ဝတ်စုံ နီယိုပရင်းတောင်ကို ဝတ်ဖို့ ခွင့်မပြုပေးခဲ့ပါဘူး။