ချန်ပီယံလိဂ်ကစားရန် ငယ်ဘဝအိပ်မက်ဖြစ်ဟု စပါးကစားသမားသစ် ဘစ်ဆူးမားပြော

ဥရောပချန်ပီယံလိဂ်ကစားခွင့်ရဖို့က ငယ်ဘဝအိပ်မက်တစ်ခုဖြစ်တယ်လို့ စပါးကွင်းလယ်လူသစ် ဘစ်ဆူးမာကပြောပါတယ်။
အသက် ၂၅ နှစ်ရှိ မာလီကွင်းလယ်လူဟာ ဘရိုက်တန်ကနေ စပါးအသင်းကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၆ ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကစားရဖို့က ငယ်စဉ်ကတည်းက မက်ခဲ့တဲ့အိပ်မက်တစ်ခုဖြစ်ပြီး စပါးအသင်းကို ကူညီပေးချင်တယ်လို့ ဘစ်ဆူးမားက စာချုပ်ချုပ်အပြီး ပထမဆုံးအင်တာဗျူးမှာ ပြောပါတယ်။
“ချန်ပီယံလိဂ်ကစားရဖို့က ကျတော့်အိပ်မက်ပါပဲ။ ငယ်စဉ်ကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲ တွေကြည့်ခဲ့ဖူးတာကို အမှတ်ရမိတယ်။ ဒီအချိန်မှာစပါးနဲ့အတူ ချန်ပီယံလိဂ်ကန်ရတော့မယ်ဆိုတော့ မယုံကြည်နိုင်စရာပါပဲ။ ကျနော်တို့မှာကောင်းမွန်တဲ့လူစာရင်းရှိတယ်။ ခမ်းနားတဲ့နည်းပြလည်းရှိ တယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်ပြီး အသင်းကိုလည်း ကူညီနိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ ဘစ်ဆူးမားကပြောပါတယ်။
ဘစ်ဆူးမားဟာ ကစားသမားဘဝကို ပြင်သစ်ကလပ်လိုင်လီအသင်းမှာစတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်က ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် စုစုပေါင်း ၁၂၄ ပွဲမှာ ၆ ဂိုးသွင်းယူခဲ့ပါတယ်။