close

မဲဆောက်မြို့ရှိ ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း ပြန်ဖွင့် (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မြန်မာသားတိုင်းရင်းသားပြည်သူတွေရဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့   ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းကို အခုနှစ် ပညာသင်နှစ်အတွက် ဇွန် ၁၈ ရက် ဒီကနေ့မနက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကျောင်းတွေပိတ်ထားခဲ့ရာက အခုလိုပြန်ဖွင့်လှစ်လိုက်တာဖြစ်ပြီး ခွဲကဘောင်အထက်တန်းကျောင်းမှာ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်ပညာသင်ယူမယ့်  ကျောင်းသူကျောင်းသားပေါင်း ၃၄၃ ဦး ရှိပါတယ်။

ခွဲကဘောင် အထက်တန်းကျောင်းကို ၁၉၈၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း  ၃၆ နှစ် ရှိပြီ ဖြစ်ပါတယ်။ 

အဆိုပါကျောင်းမှာ ကရင်ကျောင်းဆရာ ဆရာမ ၃၀ ကျော်က ကရင်စာပေ၊ မြန်မာစာပေအပါအဝင် တခြားဘာသာရပ်တွေကို သူငယ်တန်းမှ ၁၀ တန်း အထိ သင်ကြားပေးနေပြီး ကရင်လူမျိုးများသာမက လူမျိုးဘာသာမရွေး ကျောင်းသားတွေ လာရောက်အပ်နှံ တက်ရောက် ပညာသင်ယူနိုင်တယ်လို့ သိရပါတယ်။

//
Up