close

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းသို့ သွားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန်လ ၁၀ ရက်ဒီကနေ့  မြန်မာ-ထိုင်းနယ်စပ် မြဝတီတဘက်ကမ်း မဲဆောက်မြို့ကိုရောက်လာပြီး ဒေါက်တာစင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းကို လာရောက်ခဲ့ပါတယ်။ 

အာဆီယံ ၃ နိုင်ငံကို ခရီးလှည့်နေတဲ့  ဒဲရစ်ချောလက်ဟာ   ဇွန် ၉ ရက် မနေ့က ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊  တာဆောင်ယမ်းမြို့ရှိ မဲ့လဒုက္ခသည်စခန်းကို သွားရောက်ပြီး မြန်မာ ဒုက္ခသည်တွေ နေထိုင်နေရတဲ့ အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေကို လေ့လာခဲ့ပါတယ်။

Photo-ကရင်အမျိုးသားမီဒီယာ (KNM)

//
Up