ဘင်္ဂလားဒေ့ရှ်၌ မိုးသည်းထန်သဖြင့် လူ ၄ သန်းကျော် ရေဘေးသင့်

ဘင်္ဂလားဒေ့ရှ်အရှေ့မြောက်ပိုင်းမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး လူပေါင်း လေးသန်းကျော် သောင်တင်နေခဲ့ကြောင်း အာဏာပိုင်တွေက ဇွန်လ ၁၈ ရက်မှာ ပြောကြားလိုက်ပြီး အခြေအနေ ပိုဆိုးရွားလာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။
စစ်တကောင်းမြို့မှာတော့ လမ်းတွေရေလျှံပြီး မြေပြိုမှုတွေလည်း ကြုံနေကြရပြီး မနက်အစောပိုင်းက အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ရွှံ့နွံထဲမှာ ပိတ်မိနေတယ်လို့ ယူဆရသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေက ရွှံ့တွေထဲ တူးနေကြပါတယ်။
ဒီရေကြီးမှုဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း နိုင်ငံရဲ့အဆိုးရွားဆုံးဖြစ်နိုင်ချေရှိတယ်လို့ အစိုးရ ပညာရှင် တစ်ဦးက ဖော်ပြထားပါတယ်။
အိန္ဒိယတောင်တန်းတွေတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုက ပိုဆိုးရွားလာခဲ့ပါတယ်။ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။