close

အမေရိကန်တွင် အဆောက်အအုံတလုံး ပြိုကျ

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယား ပြည်နယ် ဖီလဒယ်ဖီးယားမြို့မှာ အဆောက်အအုံတလုံး ပြိုကျပြီး လူအတော်များများ အထဲမှာ ပိတ်မိနေချိန် မီးသတ်သမားတယောက် သေဆုံးခဲ့တယ်လို့ မြို့မီးသတ်ဌာနက ဇွန် ၁၈ရက်မှာ ပြောပါတယ်။

တိုက်ပြိုကျချိန်မှာ ပိတ်မိနေတဲ့ မီးသတ်သမား ၂ ယောက် ရှိပြီး တယောက်ကို ဒေသန္တရ ဆေးရုံဆီ တင်ပို့ထားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ဝါရင့်မီးသတ်သမားကတော့ အဲဒီနေရာမှာတင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကြိုးစားပမ်းစား ရဲရဲရင့်ရင့် မီးငြှိမ်းသတ်အပြီး အဆောက်အအုံ ပြိုကျရာမှာ ပါသွားလို့ ဌာနက အဖွဲ့ဝင် တယောက် ဆုံးရှုံးခဲ့တယ်လို့ ဖီလဒယ်ဖီးယားမြို့ မီးသတ် ဒုကော်မရှင်နာမင်းကြီး ခရေ့ချ် မာဖီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

//
Up