မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြန်လည် စတင်ကျင်းပမည်

၂၀၂၂ ခုနှစ်မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ကလပ်အသင်း ၁၀ သင်းနဲ့ လာမယ့် ဇွန် ၂၅ ရက်မှာ စတင်ယှဉ်ပြိုင်ကစားသွားမှာပါ။
ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ၂ နှစ်ကျော်ကြာရပ်နားခဲ့ ပြီးနောက် မြန်မာလိဂ်ပြိုင်ပွဲကို ပြန်လည်ကျင်းပဖို့ဆုံးဖြတ်ခဲ့တာပါ။
ပထမအကျော့ပွဲစဉ်တွေကို ဇွန် ၂၅ ရက်မှာစတင်ပြီး သြဂုတ်၂၅ရက်မှာ ပြီးဆုံးမှာပါ။ ဒုတိယအကျော့ပွဲစဉ်တွေကို စက်တင်ဘာ ၃ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
သုဝဏ္ဏကွင်းတစ်ကွင်းထဲမှာပဲ တစ်ပတ်ကို ၅ ရက်ကျင်းပမှာဖြစ်ပြီး စနေ၊ တင်္ဂနွေနေ့တွေအပြင် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာလည်း ယှဉ်ပြိုင်ကစားကြမှာပါ။ ဇွန် ၂၅ ရက်နေ့မှာပွဲစဉ် ၁ အနေနဲ့ မြဝတီနဲ့ ရန်ကုန်ယူနိုက်တက်တို့စတင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဇွန် ၂၆ ရက်မှာ ဟံသာဝတီနဲ့ ဧရာဝတီယူနိုက်တက်တို့ယှဉ်ပြိုင်မှာပါ။
အဲဒီနောက် ဇွန် ၂၇ ရက်မှာ မဟာယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်၊ ဇွန် ၂၉ ရက်မှာ အားကစားနဲ့ ကာယပညာသိပ္ပံအသင်းနဲ့ ရခိုင်ယူနိုက်တက်၊ ဇွန် ၃၀ ရက်မှာ GFA နဲ့ ရတနာပုံ အသင်းတို့ပွဲစဉ် တွေယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။