သြစတြေးလျတွင် ဆောင်းရာသီ ဝတ်လစ်စလစ်ရေကူးပွဲ ကျင်းပ

ဩစတြေးလျနိုင်ငံရဲ့ ကျွန်းပြည်နယ် တက်စ်မေးနီးယားမှာ နှစ်စဉ်ဆင်နွှဲနေကျ ဒါ့ခ် မိုဖို ဆောင်းရာသီ ဝတ်လစ်စလစ် ရေကူးပွဲအတွက် ဇွန် ၂၂ ရက် နေထွက်ချိန်မှာ လူ ၂,၀၀၀ လောက်ဟာ အေးမြတဲ့ ရေပြင်ထဲကို ခုန်ချနေကြပါတယ်။
ခေါင်းဆောင်းအနီတွေနဲ့ ဒီပွဲဆင်နွှဲသူတွေဟာ လေထုအပူအချိန် ၅ ဒီဂရီလောက်ကို မမှုဘဲ တနှစ်တာရဲ့ အရှည်ဆုံးညကို အထိမ်းအမှတ်ပြုပြီး ဟိုဘာ့တ်မြို့ရှိ လောင်းဘိချ်မှ ဒါးဝမ့်မြစ်ထဲကို ပြေးလွှားခုန်ဆင်းကြပါတယ်။
ဒါ့ခ် မိုဖိုဟာ ဟိုးဘာ့တ်မြို့ရဲ့ ရှေးဟောင်းအစဉ်အလာနဲ့ ထုံးတမ်းဓလေ့တွေကို ကျင်းပဆင်နွှဲတဲ့ အိုဟောင်း သစ်လွင်ခြင်း အနုပညာပြတိုက် (MONA) ရဲ့ ဆောင်းရာသီပွဲတော်လို့ ဆိုပါတယ်။
ပွဲတော်ကို လာဆင်နွှဲသူတွေကတော့ ဒီပွဲတော်က အံ့ဩစရာကောင်းကြောင်း၊ အစပိုင်းမှာ အမျိုးမျိုး စိတ်ပူမိကြောင်း၊ ဒါပေမဲ့ ကြောက်စိတ်တွေ၊ အဆင်မပြေမှုတွေကို လွှတ်ချထားလိုက်တော့ စိတ်လွတ်လပ်သွားကြောင်း စသဖြင့် အတွေ့အကြုံတွေ ပြောပြကြပါတယ်။
ပွဲအတွက် လက်မှတ်တွေကို ထုတ်ဝေပြီး သိပ်မကြာခင်မှာပဲ ရောင်းကုန်သွားပါတယ်။