အာသံပြည်နယ်ရှိ ရေဘေးဒုက္ခသည်များ အစားအစာနှင့် သောက်သုံးရေ လိုအပ်

အိန္ဒိယနိုင်ငံ အာသံပြည်နယ်က မြို့တွေ၊ ရွာတွေရဲ့အစိတ်အပိုင်း အတော်များများ ရေအောက် မြုပ်နေတာကြောင့် ရေဘေးသင့် ဒုက္ခသည်တွေဟာ အစားအစာ လုံလုံလောက်လောက်နဲ့ သောက်သုံးရေသန့်ရရှိဖို့ ရုန်းကန်နေရကြောင်း ဇွန် ၂၄ ရက်မှာ ရေဘေးဒုက္ခသည်တွေက ပြောကြပါတယ်။
ရေကြီးမှုကြောင့် လူပေါင်း ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နာဂခရိုင်အတွင်းရှိ အများစုမှာ ယာယီတဲတွေ၊ ကုန်းမြင့်ပေါ်က အဆောက်အအုံတွေမှာ ခိုလှုံနေကြရကြောင်း အာသံပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။
အာဏာပိုင်တွေဟာ လမ်းကြောင်းပြတ်တောက်နေတဲ့ နေရာတွေဆီ ရိက္ခာနဲ့ တခြားထောက်ပံ့ရေး ပစ္စည်းတွေကို လေတပ် ရဟတ်ယာဉ်တွေနဲ့ ချပေးပါတယ်။
မုတ်သုံရာသီဟာ တောင်အာရှဒေသမှာ ဇွန်လမှ အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်လေ့ရှိပါတယ်။
ဒါပေမဲ့ ပြင်းထန်တဲ့ ရာသီဥတုပုံစံက မကြာခဏ ပိုဖြစ်လာပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ရာသီဥတု ဖောက်ပြန်မှုကြောင့် ပိုဆိုးရွားတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပါတယ်။