အိန္ဒိယမြောက်ပိုင်းက ရေဘေးဒုက္ခသည်များ အစာ၊ သောက်ရေနှင့် လျှပ်စစ်မီး ပြတ်လပ်နေ

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပရာယာဂရပ်ဂျ်မြို့မှာ မြစ်ရေလျှံလို့ မြေနိမ့်ပိုင်းတွေ ရေအောက်မြုပ်ခဲ့အပြီး သြဂုတ် ၁၁ ရက်မှာ သောက်ရေနဲ့တခြားလိုအပ်ချက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချိုတာဘဂ္ဂါဒါဒေသက လူအတော်များများဟာ သူတို့ အိမ်တွေထဲမှာ စားစရာ သောက်ရေနဲ့ လျှပ်စစ်မီး မရှိဘဲ နေရတာပါ။ ရေကြီးနေလို့ ပိုဘေးကင်းတဲ့နေရာတွေဆီကို လှေတွေနဲ့ ရွှေ့နေရပါတယ်။
“အာဏာပိုင်တွေက စားစရာ စီစဉ်ပေးတာ မရှိဘူး။ ချက်စရာလည်း မရှိသလို သောက်စရာ ရေလည်း မရှိဘူး”လို့ ရေဘေးသင့် အရှုတ်ကူးမားက ပြောပါတယ်။
နိုင်ငံ အရှေ့ပိုင်း ပတ္တနာ မြို့မှာလည်း ရေဘေးသင့်နေပြီး ယာယီ ခိုလှုံရာနေရာတွေဆီမှာ ဒေသခံတွေ ခိုလှုံ နေရပါတယ်။
လူဦးရေ ၁ ဒသမ ၂၅ ဘီလီယံရှိတဲ့ အိန္ဒိယ လူဦးရေရဲ့ ၃ ပုံ၂ ပုံဟာ ကျေးလက်မှာ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြတာမို့ မုတ်သုန်ရာသီဟာ အရေးပါပါတယ်။
ဒါပေမဲ့ မိုးကြီးလို့ ရေကြီးတာ မြေပြိုတာနဲ့ ရေကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေရဲ့ ဒဏ်ကိုလည်း ခံရလေ့ ရှိပါတယ်။