close

မိုးကုတ်မြို့ ဘီးတောင်ရပ်ကွက်တွင် ဗုံး ၂ လုံးပေါက်ကွဲ

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်က နဂါးရုံဘုရားနားနဲ့ အချုပ်ထောင်နားမှာ ဇွန် ၂၆ ရက် ညနေ ၆ နာရီလောက်က ဗုံး ၂ လုံး တပြိုင်တည်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ပေါက်ပွဲမှုဖြစ်ပွားပြီးနောက် အချုပ်ထောင် အနီးအနားနဲ့ တခြားရပ်ကွက်တွေအပြင် အနောက်ပိုင်းရဲစခန်းနားမှာ စစ်ကောင်စီတပ်သားတွေက ည ၈ နာရီလောက် သေနတ်နဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

အဲဒီလိုသေနတ်ပစ်ခတ်သံတွေက အပြန်အလှန်ပစ်ခတ်တာမျိုးမဟုတ်ပဲ ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက နေအိမ်ထဲမှာပဲ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။  

ဇွန် ၂၇ ရက် ဒီနေ့မှာလည်း စစ်ကောင်စီက မြို့ထဲမှာ လှည့်လည်စစ်ဆေးနေသလို ဒေသခံတွေလည်း အသွားအလာမရှိဘဲ လူသူကင်းမဲ့နေတယ်လို့ သိရပါတယ်။  

အခုပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးသလို ဘယ်အဖွဲ့အစည်းက ဆောင်ရွက်တယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

//
Up