ပေကျင်းတွင် ကိုဗစ်ကူးစက်မှုလျော့သွားသဖြင့် ကျောင်းများ ပြန်ဖွင့်

တရုတ်နိုင်ငံ ပေကျင်းမြို့မှာတော့ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျသွားတာကြောင့် ဇွန် ၂၇ ရက်ကစပြီး ကျောင်းတွေ ပြန်ဖွင့်နေတယ်လို့ သိရပါတယ်။
ပေဂျင်းမြို့တော် အာဏာပိုင်တွေရဲ့ အဆိုအရ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းတွေ အပြင်၊ မူကြိုကျောင်းတွေကိုပါ ပြန်ဖွင့်တော့မယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်မှု စိတ်မချရသေးတဲ့ နယ်မြေတချို့နဲ့ အိမ်တွင်းမှာနေဖို့ လိုအပ်တဲ့ ကျောင်းသား ကျောင်းသူတွေကတော့ အွန်လိုင်းကနေ အတန်းတက်နိုင်မှာပါ။
ကိုဗစ်-၁၉ကူးစက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူတွေဟာ မေလဆန်းကတည်းက လူကိုယ်တိုင် ကျောင်းတက်ခွင့်မရခဲ့ကြပါဘူး။
“အခု ကျောင်းပြန်တက်ရတော့ သူငယ်ချင်းတွေ၊ ဆရာဆရာမတွေနဲ့ ပြန်တွေ့ရလို့ ပျော်နေတယ်” လို့ ကျောင်းသားတဦးက ပြောပါတယ်။
ကျောင်းဖွင့်လိုက်တယ်ဆိုပေမယ့် ရောဂါကာကွယ်ရေး စည်းကမ်းအသစ်တွေကို ထုတ်ပြန်ထားပြီး ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းဝန်ထမ်းတွေကို ကျန်းမာရေး စစ်ဆေးတာ၊ စောင့်ကြည့်တာ၊ ထမင်းစားချိန်ကိုလည်း အတန်းလိုက် ခွဲထားတာ၊ မလိုအပ်ဘဲနဲ့ လူများများ မစုကြဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။