ပေကျင်းတွင် ကိုဗစ်စစ်ဆေးမှု ပြန်လည်စတင်

ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်လာမှာ စိုးရိမ်တာကြောင့် တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ရောဂါ စစ်ဆေးမှုကို မေ ၇ ရက်က ပြန်လည် စတင်နေပါတယ်။
ရှန်ဟိုင်းမှာလိုမျိုး လူသန်းနဲ့ချီ တလကျော်ကြာ လော့ဒေါင်း မဖြစ်အောင်၊ နိုင်ငံတဝန်းလုံးမှာ ကိုဗစ်-၁၉ လုံးဝကင်းစင်ရေးအထိ ဆောင်ရွက်မယ်လို့ အာဏပိုင်တွေက ပြောပါတယ်။
စစ်ဆေးမှုတွေကို ပေကျင်းမြို့က သံရုံးတွေ၊ ကြီးကြီးမားမား အစိုးရရုံးတွေ တည်ရှိတဲ့ ချိုယောင်း မြို့နယ်ထဲမှာ နေ့စဉ် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ကိုဗစ်-၁၉ လူနာတွေ တွေ့ရှိတဲ့ တခြား မြို့နယ်တွေက ပြည်သူတွေကလည်း စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ စစ်ဆေးမှုခံယူဖို့ လိုအပ်ပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ ပေကျင်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် မြေအောက်ရထားဘူတာ ၆၀ လောက်ကို ပိတ်ထားရပါတယ်။
ဒီရက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ပြန်တွေ့လာရလို့ မြို့နယ် အတော်များများမှာလည်း စားသောက်ဆိုင်တွေကို ပိတ်ခိုင်းထားပါတယ်။