ပေကျင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး ဆက်လက်တင်းကျပ်

တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး ဆက်လက် တင်းကျပ်ထားပါတယ်။
အကြီးဆုံးခရိုင်ဖြစ်ပြီး လူဦးရေ ၃ ဒသမ ၄၅ သန်း နေကြတဲ့ ကျောက်ယန်ခရိုင်မှာ ပန်းခြံတွေ၊ ကုန်တိုက်တန်းတွေက စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားပါတယ်။
အတင်းကျပ်ဆုံး ကန့်သတ်ချက်အနေနဲ့ ပေကျင်းမြို့တော် အနောက်တောင်ပိုင်းမှာ ဒေသခံတွေ သူတို့ ရပ်ကွက်ထဲကနေ မထွက်ကြဖို့နဲ့ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မဟုတ်တဲ့ လှုပ်ရှားမှု အားလုံးကို ရပ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။
ဒေသခံ တချို့ အိမ်ကနေ အလုပ်လုပ်နေရသလို စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်ကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။
တချို့ ကုန်တိုက်တန်းတွေနဲ့ တခြား ရိပ်သာတွေကိုလည်း ပိတ်ထားရပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကိုလည်း သိသိသာသာ ဆိုင်းငံ့ထားပါတယ်။
ပေဂျင်းမြို့တော်မှာ မေ ၉ ရက်က ရောဂါလက္ခဏာပြတဲ့ ကူးစက်ခံအသစ် ၆၁ ယောက် ရှိပြီး အရင်ရက်က ၃၃ ယောက်ပဲ ရှိခဲ့တယ်လို့ အစိုးရရုပ်သံ စီစီတီဗွီက ပြောခဲ့ပါတယ်။