close

တိုက်စစ်မှူး ရစ်ချာလီဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စပါးအသင်းခေါ်ယူ

စပါးအသင်းဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၆ဝ နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာ အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ကနဦးပေါင်သန်း ၅၀ သာပေးချေခဲ့ရပေမယ့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၁ဝ သန်းခန့် ပေးချေရနိုင်ပါတယ်။

ဒီပမာဏဟာ ၂၀၁၉ ခုနှစ်က ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီကို ပေါင် ၅၄ သန်းနဲ့ ခေါ်ယူပြီးနောက် စပါးအသင်းရဲ့ အမြင့်မားဆုံးပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

ကိုယ့်အိမ်ကိုယ်လိုဖြစ်နေတဲ့ အဲဗာတန်ကနေထွက်ခွါဖို့ဆုံးဖြတ်ခဲ့တာက ခက်ခဲခဲ့ပြီး ကူညီပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ရှိကြောင်း ရစ်ချာလီဆန်က တွစ်တာစာမျက်နှာ ကနေရေးသားခဲ့ပါတယ်။

စပါးအသင်းဟာ ဂိုးသမားဖော်စတာ၊ ပါရီဆစ်၊ ဘစ်ဆူးမားတို့ကိုလည်း ခေါ်ယူထားပြီး ရစ်ချာလီဆန်က အခုအပြောင်းအရွှေ့ရဲ့ ၄ ယောက်မြောက်ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

//
Up