စပါးအသင်း၏ကမ်းလှမ်းချက်ကို ရက်ရှ်ဖို့ဒ်ငြင်းဆန်၊ မန်ယူတွင် နေရာရရန် တိုက်ပွဲဝင်မည်

မန်ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ စပါးအသင်းရဲ့ခေါ်ယူရန်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အသင်းမှာပဲ နေရာပြန်ရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၁၃ ပွဲသာ ပွဲထွက်ကစားသမားအနေနဲ့ ကစားခွင့်ရပြီး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။
အသင်းနဲ့ စာချုပ်သက်တမ်းဟာလည်း လာမယ့်ရာသီအပြီးမှာ ကုန်ဆုံးတော့မှာဖြစ်လို့ ဒီအခြေအနေကို စပါးအသင်းက အသုံးချဖို့အတွက် ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာမှာ ပယ်ချခံခဲ့ရတာဖြစ်တယ်လို့ The Times သတင်းစာက ဖော်ပြပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ နည်းပြသစ် အဲရစ်တန်ဟတ်ဂ်လက်ထက်မှာ နေရာတနေရာပြန်ရဖို့ပဲ အာရုံစိုက်ထားပြီး အသင်းပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ကြားခဲ့တယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတယောက်ဖြစ်ပြီး တခြားဘယ်ကလပ်အသင်းကိုမှ ပြောင်းရွှေ့ကစားခြင်း မရှိသေးသူ ဖြစ်ပါတယ်။