ဘရာဇီးလက်ရွေးစင် ရာဖင်ညာကို ခေါ်ယူရန် အာဆင်နယ်နှင့် စပါးအသင်းတို့ အပြိုင်ကြိုးပမ်း

အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ လိဒ်ယူနိုက်တက်က ဘရာဇီးလက်ရွေးစင် ရာဖင်ညာကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပါတယ်။
အသက် ၂၅ နှစ်ရှိ တောင်ပံတိုက်စစ်မှူးကို ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ပေါင် ၅၅ သန်း ပြောင်းရွှေ့ကြေး ပေးချေရနိုင်တာကြောင့် လက်လျှော့သွားပြီလို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။
လိဒ်ယူနိုက်တက်အသင်းဟာ အာဆင်နယ်နဲ့ စပါးအသင်းတို့အတွက်တော့ လမ်းဖွင့်ပေးထားပြီး သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေး ပေးနိုင်တဲ့အသင်းကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။
ရာဖင်ညာဟာ ဥရောပပြိုင်ပွဲ ကစားချင်တဲ့ဆန္ဒ ရှိတာကြောင့် လိဒ်ယူနိုက်တက်အသင်းရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကိုလည်း ပယ်ချထားခဲ့တာပါ။
ရာဖင်ညာဟာ ၂၀၂၀ ပြည့်နှစ်က ပြင်သစ်ကလပ် ရင်းနက်စ်ကနေ လိဒ်ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် ၂ ရာသီအတွင်းမှာ စုစုပေါင်း ၆၇ ပွဲကစားပြီး ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။