close

ကလေးမိခင်အသတ်ခံရမှုဖြင့် အမျိုးသား ၁ ဦးကို နယူးယော့ခ်ရဲတပ်ဖွဲ့ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ ကလေးတွန်းလှည်းလေးတွန်းလာတဲ့ အမျိုးသမီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားတယောက်ကို   နယူးယောက်ရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ 

ဖမ်းဆီးခံရသူ အိုင်ဆက် အာဂရိုကို လက်ထိပ်ခတ်ထားပြီး ရဲစခန်းကနေ စောင့်နေတဲ့ကားဆီ လမ်းလျှောက်လာတာကို မြင်တွေ့ရပါတယ်။ 

ဇွန် ၂၉ ရက်  ညပိုင်းမှာ အက်ဇ်ဆီယာ ဂျွန်ဆင်ဟာ မန်ဟက်တန် အပေါ်ဘလောက် အရှေ့ဘက်က ၉၅ လမ်းမှာ သူ့ရဲ့ ၃ လသား ကလေးငယ်ကို တွန်းလှည်းထဲ ထည့်တွန်းနေတုန်း အာဂရို ဟာ အက်ဇ်ဆီယာရဲ့ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခဲ့တာ လို့ ရဲတွေက ပြောပါတယ်။  ကလေးငယ်မှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

NBC သတင်းဌာနရဲ့ အဆိုအရ အာဂရိုဟာ အက်ဇ်ဆီယာရဲ့ ရည်းစားဟောင်းလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုမှာ နယူးယောက်မြို့ရဲ့ လမ်းမတွေပေါ်မှာ၊ မြေအောက်ရထားဘူတာရုံတွေမှာ ဆက်တိုက်လိုလို ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်တခုဖြစ်ပြီး ကြုံရင်ကြုံသလို ဖြစ်တတ်တာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။ 

//
Up