close

တိုက်စစ်မှူး ဒီပေးကို အသင်းသစ်ရှာရန် ဘာစီလိုနာ အသိပေး

ဘာစီလိုနာအသင်းဟာ နည်းပြဇာဗီရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်မှာမဟုတ်တဲ့ ဟော်လန် တိုက်စစ်မှူး ဒီပေးကို အသင်းသစ်ရှာဖို့ ပြောထားပါတယ်။ 

ဒီပေးဟာ ပြီးခဲ့တဲ့နှစ် ရာသီဝက်ကာလက စတင်ပြီး ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့တာပါ။ ဒဏ်ရာပြဿနာတွေရှိခဲ့သလို အူဘာမီယန်းလို တိုက်စစ်မှူးတဦးကို ခေါ်ယူခဲ့တာကြောင့် ဒီပေးရဲ့ ပွဲကစားခွင့်က အာမခံချက်ရှိတော့မှာမဟုတ်ပါဘူး။ 

ဒီအခြေအနေတွေကြောင့် ဒီပေးအတွက် ပေါင် ၂၁ သန်းခွဲ ပေးချေမယ်ဆိုရင် ရောင်းချမှာဖြစ်ကြောင်း ဘာစီလိုနာအသင်းက စျေးနူန်းသတ်မှတ်ထားတယ်လို့ စပိန်သတင်းစာမာကာက ဖော်ပြပါတယ်။ 

အသက် ၂၈ နှစ်ရှိ ဟော်လန်တိုက်စစ်မှူးဟာ  ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် လာလီဂါပွဲပေါင်း ၂၈ ပွဲကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

//
Up