close

မန်စီးတီးတိုက်စစ်မှူး စတာလင်ကို ခေါ်ယူနိုင်ရန် ချဲလ်ဆီးအသင်း နီးစပ်လာ

ချဲလ်ဆီးအသင်းဟာ မန်စီးတီးတိုက်စစ်မှူး စတာလင်ကိုခေါ်ယူဖို့ အလွန်နီးစပ်တဲ့ အခြေအနေ ရာက်ရှိနေပါတယ်။

စတာလင်ရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး နှစ်သင်းစလုံး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေရရှိခဲ့တယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ စတာလင်ကို ၄ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၄၅ သန်း ပေးချေဖို့ အသင့်ရှိနေပါတယ်။

တဆက်တည်းမှာပဲ မန်စီးတီးနောက်ခံလူတွေဖြစ်ကြတဲ့ နသန်အကီနဲ့ ဇင်ချင်ကို တို့ကိုလည်းခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းမှာ နောက်ခံလူ ရူဒီဂါက ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားသလို ခရစ္စတီယန်ဆန်၊ အက်ဇ်ပီလီကွယ်တာနဲ့ အလွန်ဆိုတို့ကလည်း အသင်းပြောင်းရွှေ့မှာဖြစ်လို့ နောက်ခံလူသစ်တွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

//
Up