close

ဥရောပတွင် လူကုန်ကူးမှုနှင့်ပတ်သက်သူ ၁၃၀ ခန့်အား ဖမ်းဆီး

ဥရောပနိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့တွေဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံက ပူးပေါင်းလုပ်ဆောင်တဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ အယောက် ၁၃၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတကာ ရဲအေဂျင်စီ ယူရိုပိုလ်က ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။

ဂျာမနီနိုင်ငံရဲ့ အော့စ်နာ ဘရူးအက်ခ် ရဲတပ်ဖွဲ့က သူတို့ဟာ နေအိမ်အဆောက်အဦ ၃၆ ခုကို ရှာဖွေခဲ့ပြီး လူ ၁၈ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

စီးနင်းမှုတွေမှာ သက်သေအလုံအလောက် ရခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဇွန် ၁၃ ရက်အထိ ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ရဲအရေးယူမှုတွေကြောင့် လူကုန်ကူးခံရသူ ၁၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ယူရိုပိုလ်က ပြောကြားခဲ့ပါတယ်။

အီးယူ နယ်ခြားအေဂျင်စီ Frontex မှ ညှိနှိုင်းဆောင်ရွက်တဲ့ စစ်ဆင်ရေးအတွင်း လူ ၁ သန်းနီးပါးနဲ့ ယာဉ်အစီးရေ ၂ သိန်းနီးပါးကို ပင်လယ်ရေကြောင်း၊ ကုန်းကြောင်းနဲ့ လေကြောင်းနယ်နိမိတ်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် ဥရောပကို သွားရာမှာ အလွန်အသုံးများတဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။

အရေးယူဆောင်ရွက်မှုတွေမှာ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနား၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယား၊ ဆားဗီးယား၊ ယူကရိန်း၊ ဗြိတိန်နဲ့ လစ်ချ်တန်စတိန်းတို့နဲ့အတူ အီးယူတဝန်းမှ  ၁၅ နိုင်ငံနဲ့ ဥပဒေအရာရှိ ၂၂,၅၀၀ လောက် ပါဝင်ခဲ့ပါတယ်။

//
Up