close

တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်တောင်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်ပြီး ရေကြီး

တိုင်ဖွန်းမုန်တိုင်း ချာဘာကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေပါတယ်။

လယ်မြေတွေနဲ့ ရေစီးတွေထဲမှာ ရေနစ်မြုပ်နေတဲ့ လူတွေကို ကယ်တင်နိုင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို တရုတ်အစိုးရပိုင် စီစီတီဗွီ သတင်းဌာနက ဇူလိုင် ၆ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ယာဉ်မောင်းတယောက်က စွန့်ပစ်ထားတဲ့ ယာဉ်ထဲကနေ ဘေးလွတ်ရာကို ကန်ထွက်ခဲ့ရပါတယ်။

ရေနစ်နေတဲ့ကျောင်းက ကျောင်းသားတွေကို ပို့ဆောင်ဖို့ ဒေသခံတွေက လူသားကွင်းဆက်တခု ဖွဲ့စည်းကယ်ဆယ်ခဲ့ရပါတယ်။

ဟီနန်ပြည်နယ်အနှံ့က မိသားစုတွေကို ဇူလိုင် ၅ ရက်က မြေတူးစက်တွေနဲ့ ဘေးကင်းရာ ကယ်ထုတ်ခဲ့ရပါတယ်။

ကွမ်တုံပြည်နယ်က ရှောင်ကွမ်းမြို့မှာလည်း ရေကြီးလို့ ရွာတွေက အိမ်တွေနဲ့ လယ်မြေတွေ ရေနစ်မြုပ်ခဲ့ပါတယ်။ လူပေါင်း ၁,၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးထားတယ်လို့ စီစီတီဗွီ သတင်းဌာနက ကြေညာပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်း တရုတ်နိုင်ငံတောင်ပိုင်းမှာ သမိုင်းဝင်မိုးရွာပြီး ရေကြီးနေလို့ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့ခဲ့ပြီး လူသန်းပေါင်းများစွာရဲ့ နေ့စဉ်ဘဝတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

ပုံမှန်မဟုတ်တဲ့ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှု အပါအဝင် ပြင်းထန်တဲ့ ရာသီဥတုဟာ တရုတ်နိုင်ငံမှာ သြဂုတ်လအထိ ဆက်ဖြစ်ပွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

//
Up