စပိန်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ၂၀၀ ကီလိုဂရမ်နှင့် ရေအောက်ဒရုန်း ၃ စင်း ဖမ်းဆီးမိ

စပိန်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ၂၀၀ ကီလိုဂရမ်နဲ့အတူ ဂျီဘရော်တာရေလက်ကြားကို ဖြတ်ကျော်နိုင်တဲ့ ရေအောက်ဒရုန်း ၃ စင်းကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့တယ်လို့ ဇူလိုင် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
စပိန်နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ ရာဇဝတ်ကောင်တွေက ဒရုန်းတွေကို တပ်ဆင်ထားတာလို့ ဆိုပါတယ်။
ဒရုန်းတွေဟာ ကီလိုမီတာ ၅၀ လောက် စွမ်းဆောင်ရည်ရှိတယ်လို့ ရဲမူးယစ်တပ်ဖွဲ့ အကြီးအကဲ ဟွမ်န် အန်တိုနီယို ဆီလိုလီယိုက ဇူလိုင် ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ရဲတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်တွေကို မီဒီယာတွေကိုပြသပြီး ဒီပစ္စည်းတွေရဲ့ GPS လမ်းကြောင်းပြစနစ်ဟာ မှောင်ခိုသမားတွေကို သူတို့အိမ်တွေကနေပဲ စက်ပစ္စည်းတွေကို စစ်ဆေးထိန်းချုပ်နိုင်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ဖမ်းဆီးရမိသူ ၈ ယောက်အနက် ၆ ယောက်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ရာဇဝတ်အဖွဲ့အစည်းတခုမှာ ပါဝင်ပတ်သက်နေမှုတွေနဲ့ စွဲချက်တင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။