မန်ယူလိုက်နေသည့် ဖရန့်ကီဒီယွန်းကို ချဲလ်ဆီးအသင်းကြားဖြတ်ခေါ်ယူရန် ကြိုးပမ်း

မန်ယူအသင်းကခေါ်ယူဖို့ လိုက်နေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ချဲလ်ဆီး အသင်းကကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။
မန်ယူနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ် နေချိန်မှာ ဒီယွန်းကို ရောင်းချမှာမဟုတ်ကြောင်း ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တေးကပြောထားပေမဲ့ ချဲလ်ဆီးအသင်းက ကစားသမားတွေ အလိုက်ပေးပြီး မက်လုံးပေးကမ်းလှမ်းဖို့ ပြင်ဆင်လာတာပါ။
ချဲလ်ဆီးအသင်းဟာ ဒီယွန်းအတွက် ပေါင် ၅၁ သန်းပေးချေမယ့်အပြင် အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ်အလွန်ဆိုတို့ကိုလည်းအလိုက်ပေးမဲ့ကမ်းလှမ်းမှုနဲ့ချဉ်းကပ်လာတာပါ။
ဒီသတင်းကို စပိန် သတင်းစာ Sport ကဖော်ပြခဲ့တာဖြစ်ပြီး ဘာစီလိုနာဘက်က ငွေသားသီးသန့် အနေနဲ့ ပေါင်သန်း ၇၀ အထိ အလိုရှိနေတာကြောင့် လက်ခံစဉ်းစားဦးမှာမဟုတ်သေးဘူးလို့ ဆိုပါတယ်။
မန်ယူအသင်းဟာလည်း ဒီယွန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားကြိုးပမ်းနေပေမဲ့ ပေါင် ၅၅ သန်းနဲ့သာကမ်းလှမ်းခဲ့တာကြောင့် ဘာစီလိုနာဘက်က လက်မခံသေးတာဖြစ်ပြီး ပေါင်သန်း ၇၀ အထိတိုးမြှင့်ကမ်းလှမ်းမှသာ လက်ခံသွားဖို့ရှိတယ်လို့သိရပါတယ်။