close

G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးစတင်၊ စားနပ်ရိက္ခာဖူလုံရေး ဆွေးနွေး

G20 အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ထိပ်တန်းသံတမန်တွေဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ တွေ့ဆုံပြီး “ပိုမိုငြိမ်းချမ်း၊ တည်ငြိမ်ပြီး သာယာဝပြောသော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီနေ့ ဇူလိုင် ၈ ရက်က ကျင်းပပါတယ်။

အဲဒီအထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် စသူတို့လည်းပါဝင်ပါတယ်။

G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နှစ်ပိုင်းခွဲကျင်းပတာဖြစ်ပါတယ်။ နိုင်ငံစုံစနစ် ခိုင်မာရေးဆိုင်ရာ အစည်းအဝေး ပထမပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့နဲ့ နိုင်ငံအချင်းချင်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ ပူးတွဲအဆင့်တွေကို ဆွေးနွေးကြပါတယ်။

စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေးဆိုင်ရာ အစည်းအဝေး ဒုတိယပိုင်းမှာတော့ စားနပ်ရိက္ခာ အကျပ်အတည်း၊ ဓာတ်မြေသြဇာပြတ်လပ်မှုနဲ့ ကမ္ဘာ့ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာတွေကို ကျော်လွှားဖို့ မဟာဗျူဟာအဆင့်တွေကို ဆွေးနွေးကြပါတယ်။

ယူကရိန်းအကျပ်အတည်းက ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာဖူလုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို အစည်းအဝေးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

//
Up