ဘာစီလိုနာအသင်းနှင့် ပြင်သစ်တိုက်စစ်မှူး ဒမ်ဘာလေတို့ ၂ နှစ်သက်တမ်းတိုး

5
ပြင်သစ်တိုက်စစ်မှူး အိုစမန်း ဒမ်ဘာလေနဲ့ ဘာစီလိုနာ အသင်းတို့ နောက်ထပ် ၂ နှစ် သက်တမ်း တိုးလိုက်ပြီလို့ အသင်းက ကြေညာပါတယ်။
ဒါကြောင့် ဇွန်လကုန်မှာ လက်ရှိ စာချုပ် သက်တမ်း ပြည့်သွားတဲ့ အသက် ၂၄ နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူးရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ခန့်မှန်းချက်တွေ အဆုံးသတ်သွားပြီး သူဟာ ဘာစီလိုနာ အသင်းနဲ့ပဲ ၂၀၂၄ အထိ ဆက်ရှိနေပါလိမ့်မယ်။
ဒမ်ဘာလေဟာ အသင်းနဲ့ စာချုပ်ကိစ္စ ညှိနှိုင်းလို့မရခဲ့တာကြောင့် ဖေဖော်ဝါရီလ မတိုင်ခင်အထိ အသင်းမှာ ကစားခွင့်မရခဲ့ပါဘူး။
သူဟာ ပြီးခဲ့တဲ့ လာလီဂါရာသီမှာ ၁ ဂိုးသွင်းပြီး ၁၃ ကြိမ် ဂိုးဖန်တီးပေးခဲ့တဲ့ မှတ်တမ်း ရှိပါတယ်။
ဒမ်ဘာလေဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာတာ ဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၅၀ ကစားခဲ့ပါတယ်။
လာလီဂါမှာ အသင်းအတွက် ၃၂ ဂိုးသွင်းပေးခဲ့ပြီး ၃၄ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။