close

ဘာစီလိုနာအသင်း သုညကနေပြန်စရမည်ဟု နည်းပြဇာဗီ သုံးသပ်

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက်မှာ ဘာစီလိုနာအသင်းအနေနဲ့  သုညကနေ ပြန်လည် စတင်ရတော့မယ်လို့ နည်းပြဇာဗီက ပြောပါတယ်။ 

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ်ကို ဆင်းကစားရမယ့် အခြေအနေဟာ ဘာစီလိုနာရဲ့နေရာမဟုတ်ကြောင်း ဇာဗီက ပြောပါတယ်။ 

ဒါပေမဲ့လည်း လက်ရှိအသင်းရဲ့အခြေအနေက သုညကနေ ပြန်စရမှာဖြစ်ပြီး အသင်းရဲ့ ခရီးကြမ်းက စတင်ပြီလို့ ဇာဗီက ဝန်ခံစကားဆိုသွားပါတယ်။ 

တချိန်တည်းမှာပဲ ဘိုင်ယန်မြူးနစ်ကစားသမား သောမက်စ်မူလာကလည်း ဘာစီလိုနာဟာ နည်းစနစ်နဲ့ နည်းဗျူဟာကောင်းမွန်ပေမယ့် ထိပ်တန်းအဆင့်ပွဲတွေရဲ့ ပြင်းထန်မှုကို လိုက်ကစားနိုင်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့ ပြောသွားပါတယ်။ 

ဘာစီလိုနာအသင်းဟာ ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဥရောပရဲ့ ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up