close

အမေရိကန်သွားမည့် ဘာကာလူစာရင်းတွင် ကွင်းလယ်လူ ဖရန့်ကီဒီယောင်း ပါဝင်နေ

ဘာစီလိုနာအသင်းဟာ အမေရိကန်နိုင်ငံကို ထွက်ခွါမယ့် အသင်းလူစာရင်းမှာ ကွင်းလယ်လူ ဖရန့်ကီ ဒီယောင်းကိုပါ ထည့်သွင်းထားပါတယ်။ 

ဟော်လန်လက်ရွေးစင်ကစားသမားကို ဘာစီလိုနာက မန်ယူ အသင်းဆီရောင်းချဖို့အတွက် ပေါင် ၆၃ သန်းနဲ့ သဘောတူညီမှုရယူထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ 

ကွင်းလယ်လူ ဒီယောင်းက မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် မလိုလားတဲ့ အခြေအနေကြောင့် ဘာစီလိုနာအသင်းက အမေရိကခရီးစဉ်မှာ ထည့်သွင်းလိုက်တဲ့ပုံ ပေါ်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။ 

အမေရိကကို ထွက်ခွာမယ့် ဘာစီလိုနာအသင်းလူစာရင်းမှာ ကစားသမားသစ်တွေဖြစ်တဲ့ ရာဖင်ညာ၊ ကတ်ဆီးနဲ့ ခရစ္စတီယန်ဆန်တို့လည်း ပါဝင်ပြီး ပူပူနွေးနွေး ခေါ်ယူထားတဲ့ တိုက်စစ်မှူး လီဝန်ဒေါ စကီးကိုလည်း ထပ်မံထည့်သွင်းဖို့ရှိပါတယ်။ 

ဘာစီလိုနာဟာ အမေရိကခရီးစဉ်မှာ အင်တာမီယာမီ၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ လိုက်ဇစ်အသင်းတွေနဲ့ ခြေစမ်းပွဲ ၄ ပွဲယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ 

//
Up