close

ဘာစီလိုနာတိုက်စစ်မှူး ဒီပေးကိုခေါ်ယူရန် စပါးအသင်းနီးစပ်

စပါးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး ဒီပေးကိုခေါ်ယူနိုင်ဖို့ နီးစပ်လာပြီလို့ သိရပါတယ်။ 

ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးကိုခေါ်ယူနိုင်ခဲ့သလို ရာဖင်ညာကိုလည်းခေါ်ယူထားတာ ကြောင့် အသင်းရှိတိုက်စစ်ကစား သမားတွေထဲကတချို့ကို ရောင်းထုတ်သွားမှာပါ။ 

အဲဒီအထဲမှာ ဟော်လန်တိုက်စစ်မှူး ဒီပေးလည်းပါဝင်လာခဲ့ပြီး ပေါင်သန်း ၂၀ ပြောင်းရွှေ့ကြေး သတ်မှတ်ထားတာပါ။ 

စပါးအသင်းဟာ ဒီပေးအတွက် ပေါင် ၁၇ သန်း ပေးချေဖို့ ကမ်းလှမ်းထားပြီး ဘာစီလိုနာအသင်းက လက်ခံစဉ်းစားဖို့ရှိတယ်လို့ စပိန်မီဒီယာ SPORT ကဖော်ပြခဲ့ပါတယ်။ 

အသက် ၂၈ နှစ်ရှိ ဒီပေးဟာ ဘာစီလိုနာအသင်းရဲ့ ရာသီကြိုခရီးစဉ်လူစာရင်းမှာ ပါဝင်နေပေမယ့် ဒမ်ဘီလီ၊ ဖယ်ရန်တောရက်ဖ်၊ ဖာတီ၊ အူဘာမီယန်း တို့လည်း ရှိနေလို့ အသင်းပြောင်းရွှေ့ဖို့ရှိနေပါတယ်။ 

စပါးအသင်းဟာ ဘာစီလိုနာ နောက်ခံလူ လန့်ဂ်လက်ကိုလည်းအငှားစာချုပ်နဲ့ ခေါ်ယူထားပါတယ်။

//
Up