close

မန်ယူဆီ မလာချင်သည့် ဖရန့်ကီဒီယောင်း ချဲလ်ဆီးနှင့် ဘိုင်ယန် သွားရန် စိတ်ဝင်စား

ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်းဟာ မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒမရှိပေမယ့် ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေဆိုရင်တော့ လက်ခံစဉ်းစားမယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီယောင်းအတွက် မန်ယူအသင်းဆီကို ပေါင်သန်း ၇၀ ကျော်နဲ့ ရောင်းချဖို့ သဘောတူညီထားပေမယ့် ကစားသမားဖြစ်သူက အသင်းမှာပဲဆက်ရှိချင်တာပါ။

ဒီယောင်းအနေနဲ့ ဘာစီလိုနာမှာ ဆက်နေမယ်ဆိုရင် လုပ်ခ လစာလျှော့ချသွားရမှာဖြစ်လို့ ဆွေးနွေးညှိနိူင်းမှုတွေ လုပ်ရဖို့ရှိပါတယ်။

ဒါပေမဲ့အသင်းကနေ မဖြစ်မနေထွက်ခွါရမယ်ဆိုရင်တော့ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေ ဆီပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း စပိန်မီဒီယာ Sport ကဖော်ပြပါတယ်။

အသက် ၂၅ နှစ်ရှိ ဟော်လန် ကွင်းလယ်လူ ဒီယောင်းဟာ လန်ဒန်မြို့မှာ အခြေချရမယ်ဆိုရင် ချစ်သူဖြစ်သူရဲ့ဆန္ဒအရ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားသလို တစ်နိုင်ငံတည်းသား၊ အသင်းဖော်ဟောင်း ဒီလစ်ရှိတဲ့ ဘိုင်ယန်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင်လည်း အဆင်ပြေမယ်လို့ ယူဆနေပါတယ်။ 

//
Up