close

အာဂျင်တီးနားဘောလုံးပရိသတ်နှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

အာဂျင်တီးနား ဘောလုံးကလပ် အင်ဒီပန်ဒီယန်းတေးကို ထောက်ခံသူတွေဟာ ကလပ်အသင်း ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုခဲ့ကြပြီး ကလပ်ရဲ့ခေါင်းဆောင်မှုကို ကန့်ကွက်ခဲ့ကြတာကြောင့်  ဇူလိုင် ၂၂ ရက်က အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ 

ဒေသတွင်းမီဒီယာတွေမှာတော့ ကလပ်ရဲ့ ခေါင်းဆောင်မှုကို ဆန့်ကျင်ကန့်ကွက်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုကြတဲ့အခါ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဗြူနိုအေရီးစ် မြို့တော်ရှိ  အင်ဒီပန်ဒီယန်းတေး ဌာနချုပ်ရှေ့မှာ ရုန်းရင်းဆန်ခတ် စတင်ဖြစ်ပွားခဲ့တာ လို့ ဖော်ပြ ပါတယ်။ 

တင်းမာနေတဲ့ ထိပ်တိုက်တွေ့မှုမှာထောက်ခံသူတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေ ပစ်ပေါက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်လူစုခွဲ ခဲ့ပါတယ်။ 

ဇူလိုင် ၂၃ ရက်မှာ စီစဉ်ထားတဲ့ အင်ဒီပန်ဒီးယန်းတေး အသင်းနဲ့ အက်တ်လက်တီကို တူကူမန် အသင်းတို့အကြား ကစားပွဲကိုလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်းငံ့ထားလိုက်ပါတယ်။ 

//
Up