close

အသင်းပြောင်းရန်မရှိဘဲ PSG တွင် ဆက်ရှိမည်ဟု တိုက်စစ်မှူး နေမာ အတည်ပြု

အခုနှစ်ရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘဲ အသင်းမှာပဲဆက်ရှိမှာဖြစ်ကြောင်း  PSG တိုက်စစ်မှူးနေမာက အတည်ပြုပြောပါတယ်။

နေမာဟာ PSG နဲ့ စာချုပ်သက်တမ်းကျန်ရှိနေ သေးပေမယ့် ချဲလ်ဆီး၊ မန်စီးတီးလိုအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့တာပါ။

အဲဒီသတင်းတွေအပေါ် နေမာက ငြင်းဆန်သွားခဲ့ပြီး အသင်းမှာပဲဆက်ပြီးကစားချင်ကြောင်း နေမာ ကအတည်ပြုခဲ့တာပါ။

“ကလပ်အသင်းဘက်က ဘယ်လိုလဲမသိပေမယ့် ကျနော်ကတော့ အသင်းမှာ ဆက်ရှိနေချင်ပါတယ်။ ဒီအသင်းမှာ စာချုပ်သက်တမ်းတွေလည်းကျန်ရှိပါသေးတယ်။ လက်ရှိအချိန်ထိတော့ စာချုပ်သစ်ကမ်းလှမ်းတာမရှိသေးပါဘူး” လို့ နေမာကပြောပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ နည်းပြသစ် ဂယ်တီယာလက်ထက်မှာ အပြောင်းအလဲသစ်တချို့ကိုမြင်တွေ့ရဖို့ရှိပါတယ်။ 

//
Up