close

ပြင်သစ်လိဂ်ချန်ပီယံဖြစ်ပြီးနောက် နည်းပြပိုချက်တီနိုကို ထုတ်ပယ်ရန် PSG စီစဉ်

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက် နည်းပြပိုချက်တီနိုနဲ့ လမ်းခွဲသွားဖို့ စီစဉ်နေပါတယ်။ 

ပိုချက်တီနိုနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အသင်းနဲ့ တနှစ်စာချုပ်သက်တမ်း ကျန်ရှိသေးတာကြောင့် ပီအက်စ်ဂျီက ထုတ်ပယ်မယ်ဆိုရင် လျော်ကြေးပေါင် ၁၂ ဒသမ ၆ သန်း ပေးချေရမယ်လို့ သိရပါတယ်။ 

အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပေမဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် ရာထူးကနေ ထုတ်ပယ်သွားဖို့ စီစဉ်နေတာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ပိုချက်တီနိုရဲ့နေရာမှာ စပါးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြကွန်တီနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြပါတယ်။ 

တခါ စပါးအသင်းကလည်း နည်းပြဟောင်း ပိုချက်တီနိုကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ ကွန်တီနဲ့ အဆင်မပြေခဲ့ပါက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူခန့်အပ်လိုနေတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up