close

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ခေါ်ယူရန် နယူးကာဆယ်အသင်း စိတ်ဝင်စား

ပီအက်စ်ဂျီအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူးနေမာကို နယူးကာဆယ်အသင်းက စိတ်ဝင်စားနေပါတယ်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့တဲ့အပေါ် ပီအက်စ်ဂျီပရိသတ်တွေက မကျေမနပ်ဖြစ်နေပြီး အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နေမာနဲ့ မက်ဆီကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

တိုက်စစ်မှူးနေမာအနေနဲ့ ပဲရစ်မှာ အဆင်မပြေဖြစ်နေတဲ့အပေါ် နယူးကာဆယ်အသင်းက အခြေအနေကို စောင့်ကြည့်နေပြီး ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာ တွေက ဖော်ပြကြပါတယ်။ 

စပိန်အပြောင်းအရွှေ့သတင်း မီဒီယာ ဖက်ချ်ဟာဂျက်စ် (Fichajes) ကတော့ နေမာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စိန်ခေါ်မှုသစ်တခု လိုချင်နေပြီး အသင်းပြောင်းရွှေ့ဖို့ စဉ်း စားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

နယူးကာဆယ်အသင်းကို ငွေကြေးချမ်းသားကြွယ်ဝတဲ့ ဆော်ဒီအုပ်စုက ပိုင်ဆိုင်တာကြောင့် နေမာ ကို ခေါ်ယူမယ်ဆိုရင် လိုအပ်တဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာကို အသင့်ပေးချေနိုင်တဲ့ ဘဏ္ဍာရေးပိုင်ဆိုင်ထားတာပါ။ 

အသက် ၃၀ နှစ်ရှိ နေမာဟာ အသင်းနဲ့စာချုပ် သက်တမ်းတိုးထားတာ မကြာသေးပါဘူး။ နေမာအတွက် ဘာစီလိုနာကို ပီအက်စ်ဂျီက  ကမ္ဘာ့စျေးအကြီးဆုံး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၁၉၈ သန်း ပေးချေခဲ့ရတာပါ။ 

နယူးကာဆယ် အသင်းအနေနဲ့ နေမာကို ခေါ်ယူဖို့ ကမ်းလှမ်းမယ်ဆိုရင် ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတွေနဲ့ အပြိုင်လုရဖွယ်ရှိတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up