ပီရူးနိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံ မီးလောင်ပြီး ၅ ဦး သေဆုံး

4
ပီရူးနိုင်ငံ၊ လီမာမြို့တော်မှာ လျှို့ဝှက် မီးရှူးမီးပန်း စက်ရုံတစ်ခု မီးလောင်ခဲ့တဲ့နောက် လူငါးယောက် သေဆုံးခဲ့တယ်လို့ မီးသတ်သမားတွေကို ကိုးကားပြီး ဇူလိုင် ၂၃ရက်မှာ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
စည်ပင်သာယာရေးအဖွဲ့ရဲ့ ခွင့်ပြုချက် မရဘဲ လုပ်ကိုင်နေတဲ့ မီးရှူးမီးပန်း အလုပ်ရုံ ရှိရာ အိမ်ထဲမှာ ဇူလိုင် ၂၂ ရက် ညက မီးလောင်ခဲ့တာလို့ ဒေသခံ အရာရှိ တစ်ဦးက ပြောပါတယ်။
မီးသတ်သမားတွေနဲ့ ရဲအရာရှိတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်နေတဲ့ ရုပ်သံကို ဒေသခံရုပ်သံလိုင်း တစ်ခုက ပြသခဲ့ပါတယ်။
လျှပ်စစ်မီးတွေ ယာယီပြတ်တောက်သွားလို့ မီးသတ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်နိုင်ခြေကို တားဆီးနိုင်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။