close

ရုရှားဒုံးကျည်ထိမှန်ပြီး ယူကရိန်း ဓာတ်ငွေ့သန့်စင်စက်ရုံ မီးအကြီးအကျယ်လောင်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း၊ အစ်ဇီယံခရိုင်ထဲက ဓာတ်ငွေ့သန့်စင်ရေးစက်ရုံမှာ ဇွန် ၂၁ ရက်က မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။

အရင်အပတ်က ဒီစက်ရုံကို ရုရှားဒုံးကျည် အတော်များများ ထိမှန်ခဲ့ပါတယ်။ စက်ရုံကို ပစ်မှတ်ထားပြီး ရုရှားက တိုက်ခိုက်ခဲ့တယ်လို့ ခါခိဗ် ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလေ စီနေဟူဘော့က အတည်ပြု ပြောဆိုပါတယ်။

တခြားအဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ တယ်လီဂရမ်ကနေ သူက ပြောပါတယ်။ မီးဟာ ဇွန် ၂၁ ရက်နေ့အထိ ဆက်လက်လောင်ကျွမ်းနေဆဲမို့ မီးခိုးတွေကို အဝေးကနေ မြင်နေရပါတယ်။

//
Up